Job 6:4
အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။
5တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။
Cross References
Deuteronomy 32:42ငါ့ မြှား တို့ကို အသွေး နှင့် ယစ်မူး စေမည်။ ငါ့ ထား သည် အသား ကို စား လိမ့်မည်။ သတ် သောသူ၊ လက်ရ သောသူတို့၏ အသွေး ၊ ရန်သူ အကဲအမှူး တို့၏ ဦးခေါင်း ကို စားသောက်လိမ့်မည်။
Job 9:17အကြောင်းမူကား၊ မိုဃ်းသက် မုန်တိုင်းဖြင့် ငါ့ ကို ညှဉ်းဆဲ ၍၊ အကြောင်း မရှိဘဲငါ ၌ အနာ တို့ကို များပြား စေတော်မူ၏။
Job 16:12ငါသည်ငြိမ်ဝပ် လျက်နေသောအခါ ငါ့ အရိုးတို့ကို ချိုး တော်မူ၏။ လည်ပင်း ကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါလှုပ် တော်မူ၏။ ငါ့ ကို ပစ်စရာစက်သွင်းတော်မူ ၏။
Job 21:20ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
Job 31:23ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။
Psalms 18:14လေးမြှား တော်တို့ကိုပစ် ၍ လျှပ်စစ် ပြက်စေ သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံး စေတော်မူ၏။