The Bible Software
Job · မြန်မာကျမ်းစာ

Job 6

1တဖန် ယောဘ မြွက်ဆို သည်ကား၊

2ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။

3သို့ဖြစ်လျှင် သမုဒ္ဒရာ သဲ ထက် သာ၍လေး လိမ့်မည်။ ထိုကြောင့် ငါ့ စကား လွန် မိပြီ။

4အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။

5တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။

6မ မြိန်သောအရာကို ဆား မ ပါဘဲ စား နိုင် သလော။ ကြက်ဥ အကာ သည် ဆိမ့်သောအရသာ ရှိ သလော။

7လက်နှင့်မျှမ တို့ နိုင်၊ ငါ မ နှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။

8ငါ တောင်း သောအရာကို ရပါစေ။ ငါ တောင့်တ သောအရာကို ဘုရား သခင်ပေး သနားတော်မူပါစေ။

9တောင့်တ သောအရာဟူမူကား ၊ ဘုရား သခင်သည် ငါ့ ကိုဖျက်ဆီး တော်မူပါစေ။ လက် တော်ကိုဆန့် ၍ ငါ့ ကိုဆုံး စေတော်မူပါစေ။

10ထိုသို့ ဖြစ်လျှင်ငါ သည် သက်သာ ရ၏။ ငြိုငြင် သော်လည်းသည်းခံ မည်။ ငါ့ကိုနှမြော တော်မ မူပါစေနှင့်။ သန့်ရှင်း တော်မူသောသူ၏စကား တော်ကို ငါမ ငြင်း မဆန်ပြီ။

11ငါမြော်လင့် စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ ခွန်အား ကားအဘယ် သို့နည်း။ ငါသည်ကိုယ် အသက် ကို စောင့် ရမည်အကြောင်း ၊ နောက်ဆုံး ခံရသောအကျိုးကား အဘယ် သို့နည်း။

12ငါ့ ခွန်အား သည် ကျောက် ခွန်အား ဖြစ်သလော။ ငါ့ အသား သည် ကြေးဝါ ဖြစ်သလော။

13ငါ သည်ကိုယ် ကို မ မစ နိုင်။ ငါ့ ဉာဏ် လည်း ကုန် ပြီ။

14ဆင်းရဲ ခြင်းသို့ရောက်သောသူ၏ အဆွေ ခင်ပွန်းသည် သနား အပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့ သောသဘောနှင့်ကင်းလွတ် ၏။

15ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။

16ထိုချောင်းရေသည် ရေခဲ ကြောင့် ၎င်း၊ မ ထင်ရှားသော မိုဃ်းပွင့် ကြောင့်၎င်း၊

17အလွန်စီးတတ်သော်လည်း၊ နွေး သောအခါ ကွယ်ပျောက် တတ်၏။ နေပူ သောအခါ မိမိ နေရာ ၌ ခန်းခြောက် တတ်၏။

18ထိုရေစီးသောချောင်းတို့သည် လွဲ သွား ၍ တရွေ့တရွေ့ကွယ်ပျောက် တတ်ကြ၏။

19တေမန် အမျိုးသားအစု အဝေးတို့သည် ရှာ ကြ၏။ ရှေဘ ပြည်မှ ခရီး သွားသောသူအစုအဝေးတို့သည် မြော်လင့် လျက် လာကြ၏။

20မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။

21ထိုအတူ သင်တို့သည်အချည်းနှီးသက်သက်ဖြစ် ကြ၏။ ငါနှိမ့်ချ ခြင်းကိုမြင် လျှင် ဆုတ် ၍နေကြ၏။

22ငါ့ ထံ သို့လက်ဆောင်ကို ယူ ခဲ့ကြပါ။ သင် တို့ပစ္စည်း ဥစ္စာထဲက ထုတ်၍ ငါ့ ကိုပေး ကြပါ။

23ရန်သူ လက် မှ ငါ့ ကိုကယ် ယူကြပါ။ သူရဲ လက် မှ ရွေးနှုတ် ကြပါဟု ငါပြော သလော။

24ငါ့ ကိုဆုံးမ ကြပါ။ တိတ်ဆိတ် လျက်နေပါမည်။ ငါမှား သောအရာကို ငါ့ အား ဘော်ပြ ကြပါ။

25မှန် သောစကား သည် တန်ခိုးကြီး ၏။ သင် တို့ကဲ့ရဲ့သောစကားသည် အဘယ် မှာနေရာကျသနည်း။

26ငါစကား ပြောရုံကာမျှကို အပြစ် တင်မည်ကြံစည် ကြသလော။ မြော်လင့် စရာမရှိသောသူ ပြောသော စကား သည် လေ သက်သက်ဖြစ်၏။

27အကယ်၍ သင်တို့သည် မိဘ မရှိသောသူငယ်ကို နှိပ်စက် ကြ၏။ အဆွေ ခင်ပွန်းဘို့ တွင်းကိုတူး ကြ၏။

28ငါ့ ကို စိတ်မရှိဘဲကြည့်ရှု ကြပါလော့။ သင် တို့ရှေ့ မှာ ငါလှည့်စား သလော။

29ပြန် ၍ဆင်ခြင်ကြပါ။ မ တရားသဖြင့်မ ပြု ကြပါ နှင့်။ ပြန် ၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါ သည် ဖြောင့်မတ် ပါ၏။

30ငါ့ လျှာ ၌ ကောက် သောသဘောရှိ သလော။ ငါ သည် မြည်းစမ်း ၍ အပြစ် ပါသောအရာကို ပိုင်းခြား မ သိနိုင်သလော။

← Job 5Read In The App, Free →Job 7 →

Study Job 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142