Job 8:6
စင်စစ် သင့် အတွက် ကိုယ်တော်သည်ထ ပြီးလျှင် သင် ၏ ဖြောင့်မတ် သောနေရာကို ကောင်းစား စေတော်မူသဖြင့်၊
မြန်မာကျမ်းစာ
In The King James Version
In Context
7သင် သည်အစ ဦး၌ ငယ် သော်လည်း၊ နောက်ဆုံး ၌ အလွန် ကြီးပွါး လိမ့်မည်။
Cross References
Job 1:8ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။
Job 5:24သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။
Job 16:17သို့သော်လည်းငါ့ လက် ၌ မ တရားသော အမှုမ ရှိ။ ငါပြုသော ပဌနာ သည် သန့်ရှင်း ၏။
Job 22:23အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊
Psalms 18:25သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊
Psalms 44:23အိုဘုရား ရှင်၊ နိုး တော်မူပါ။ အဘယ်ကြောင့် ကျိန်းစက် တော်မူသနည်း။ ထ တော်မူပါ။ အကျွန်ုပ်တို့ကို အစဉ် စွန့်ပစ် တော်မ မူပါနှင့်။