Joel 1:9
ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏အိမ် တော်၌ ပြတ် ၏။ ထာဝရဘုရား ၏အမှု တော်စောင့် ယဇ် ပုရောဟိတ်တို့ သည် ငိုကြွေး မြည်တမ်းကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
10လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။
Cross References
2 Chronicles 13:10ငါ တို့မူကား ၊ ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား ၏ အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း ၊ မိမိတို့ အမှု ကို စောင့်နေကြ၏။
Lamentations 1:4အဘယ်သူမျှပွဲ သဘင်သို့ မ လာ သောကြောင့် ၊ ဇိအုန် လမ်း တို့သည် ညည်းတွား ကြ၏။ သူ ၏မြို့တံခါး ရှိသမျှ တို့သည် လူ ဆိတ်ညံလျက်ရှိကြ၏။ သူ ၏ယဇ် ပုရောဟိတ်တို့သည်လည်း ညည်းတွား ကြ၏။ သူ ၏သမီး ကညာ တို့သည်လည်း နာကြည်း သောစိတ်ရှိ၍၊ သူ သည် ကိုယ်တိုင်ညှိုးငယ် လျက်နေရ၏။
Hosea 9:4စပျစ်ရည် သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား မ ပြုရကြ။ ပူဇော်သော ယဇ် တို့ကို နှစ်သက် တော်မ မူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသောသူတို့ ၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်း တို့သည် ညစ်ညူး ခြင်းသို့ ရောက်ကြ လိမ့်မည်။ သူ တို့အစာ ကို ကိုယ်တိုင် စားကြစေ။ ထာဝရဘုရား ၏အိမ် တော်ထဲသို့ မ သွင်း စေနှင့်။
Joel 1:16ငါတို့စားစရာ သည် ငါ တို့မျက်မှောက် ၌ ပြတ် သည်မ ဟုတ်လော။ ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ဝမ်းမြောက် ရွှင်လန်း ခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။
Joel 2:17ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။