Joel 2:1
ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 10:2သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။
Numbers 10:5နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။
Ezra 9:3ထို စကား ကို ငါ ကြား လျှင် အတွင်း အဝတ်၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင် နှင့် မုတ်ဆိတ် ကို နှုတ် ပစ်လျက်၊ မိန်းမော တွေဝေလျက် ထိုင် နေ၏။
Psalms 119:120ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
Isaiah 13:6ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
Isaiah 66:2ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။