Isaiah 13:6
ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Howl ye; for the day of the LORD is at hand; it shall come as a destruction from the Almighty.
In Context
Cross References
Isaiah 2:12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
Isaiah 14:31အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
Isaiah 34:8ထာဝရဘုရား ဒဏ် ပေးတော်မူရာနေ့ ၊ ဇိအုန် မြို့ ၏ အမှု ကိုစောင့်၍ အပြစ် ပေးတော်မူရာ နှစ် ရောက်လေပြီ။
Isaiah 63:4အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။
Jeremiah 25:34အို သိုးထိန်း တို့၊ ငိုကြွေး အော်ဟစ်ကြလော့။ အို သိုး ကြီး သိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင် တို့ကိုသတ် ရသောအချိန် ရောက် လေပြီ။ အရပ်ရပ်သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုး ထိုက်သော တန်ဆာ ကျ သကဲ့သို့ ဖြစ်ရကြလိမ့်မည်။
Jeremiah 51:8ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။