Joel 2:19
အကယ်စင်စစ်ထာဝရဘုရား သည် ထူး တော်မူလျက် ၊ ငါ သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ကို ပေး လိုက်၍ သင်တို့သည် ဝ ကြလိမ့်မည်။ နောက် တဖန် တပါးအမျိုးသား ကဲ့ရဲ့ ရာဖြစ်စေခြင်းငှါ ငါမ ပြု ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ruth 1:6တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊
Isaiah 65:21ထိုသူတို့သည် ကိုယ်ဆောက် သောအိမ် ၌ နေ ကြလိမ့်မည်။ ကိုယ်စိုက် သော စပျစ် ဥယျာဉ်အသီး ကို စား ကြ လိမ့်မည်။
Ezekiel 34:29အသရေ ရှိသော ဥယျာဉ် ကိုလည်း သူ တို့အဘို့ ငါပြုစု မည်။ နောက် တဖန်ပြည် ၌ အစာ အဟာရ ခေါင်းပါး ၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မ ခံရ ကြ။ တပါး အမျိုးသား တို့၏ကဲ့ရဲ့ ခြင်းကိုလည်း မ ခံရ ကြ။
Ezekiel 36:29သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
Ezekiel 39:29ငါသည် ကိုယ် ဝိညာဉ် ကို ဣသရေလ အမျိုးသား အပေါ်သို့ သွန်းလောင်း သောအခါ၊ သူ တို့တွင် တယောက် ကိုမျှ နောက် တဖန်ငါမစွန့်ပစ် ၊ ငါ့ မျက်နှာ ကိုလည်း မ လွှဲ ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Joel 1:10လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။