Joel 3:14
ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
15နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
Cross References
Isaiah 34:2ထာဝရဘုရား ၏ အမျက် တော်သည် လူမျိုး အပေါင်း တို့၌ ထွက်၍ ၊ ပြင်းစွာသောအမျက် တော်သည် သူ တို့ အလုံး အရင်းအပေါ် မှာ သင့်ရောက်လေ၏။ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍၊ အသေ သတ်ခြင်း၌ အပ် လိုက်တော်မူ ၏။
Ezekiel 38:8ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊
Joel 1:15ထိုနေ့ ရက်ကြောင့် အ မင်္ဂလာရှိ၏။ ထာဝရဘုရား ၏ နေ့ ရက်နီး ပြီ။ အနန္တ တန်ခိုးရှင် ဖျက်ဆီး ခြင်း ဘေးကဲ့သို့ ရောက် လာလိမ့်မည်။
Joel 3:2ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။
2 Peter 3:7ယခု ရှိသော မိုဃ်း ကောင်းကင်နှင့် မြေကြီး မူကား ၊ တရား ဆုံးဖြတ်၍ အဓမ္မ လူ တို့ကို ဖျက်ဆီး သော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထား လျက် ရှိ ၍၊ မီးရှို့ ခြင်းအဘို့အလိုငှာ နေရစ်သတည်း။
Revelation 19:19သားရဲ မှစ၍ လောကီ ရှင်ဘုရင် တို့နှင့် သူ တို့၏ ဗိုလ်ခြေ များတို့သည်၊ မြင်း စီး တော်မူသောသူ နှင့် ဗိုလ်ခြေ တော်ကို စစ်တိုက်ခြင်းငှာစည်းဝေး ကြသည်ကိုငါမြင် ၏။ သားရဲ ကိုဘမ်းမိ ကြ၏။