ရှင်ယောဟန်ခရစ်ဝင် 14:11
ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း ယုံ ကြလော။ ငါ့ စကားကို မ ယုံလျှင် ၊ ငါ့အမှု တို့ကိုထောက် ၍ယုံ ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Matthew 11:4ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။
John 5:36ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။
John 10:32ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊
John 12:38ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။
Acts 2:22ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊