ရှင်ယောဟန်ခရစ်ဝင် 14:15
ငါ့ ကိုချစ် လျှင် ငါ့ ပညတ် တို့ကို စောင့်ရှောက် ကြလော့။ ငါ သည် ခမည်းတော် ကိုတောင်း ၍ ၊
မြန်မာကျမ်းစာ
In The King James Version
If ye love me, keep my commandments.
In Context
14သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ တောင်းသည်အတိုင်းငါ ပြု မည်။
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
Matthew 10:37အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။
John 8:42ယေရှု ကလည်း၊ ဘုရားသခင် သည် သင် တို့အဘ မှန် လျှင် ။ သင်တို့သည် ငါ့ ကိုချစ် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ဘုရားသခင့် အထံ တော်မှ ထွက်ကြွ ရောက်လာ ၏။ ကိုယ် အလိုအလျောက်လာ သည် မ ဟုတ်။ ဘုရားသခင် သည်ငါ့ ကိုစေလွှတ် တော်မူ၏။
John 15:10ငါ သည် ငါ့ ခမည်းတော် ၏ပညတ် တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏မေတ္တာ ၌ တည်နေ သကဲ့သို့ ၊ သင်တို့သည် ငါ့ ပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ငါ့ မေတ္တာ ၌ တည်နေ ကြလိမ့်မည်။
1 Corinthians 16:22အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။
2 Corinthians 8:8ထိုသို့ဆိုသော်၊ ပညတ် အားဖြင့် ငါ ဆိုသည်မ ဟုတ်။ အခြား သောသူ တို့၏ ကြိုးစားအားထုတ်ခြင်း ကို အစွဲပြု ၍ ၊ သင် တို့၏မေတ္တာ သည် မှန် သည်မမှန်သည်ကို စုံစမ်း သောအားဖြင့်ဆိုသတည်း။
Ephesians 3:16ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊