ရှင်ယောဟန်ခရစ်ဝင် 15:19
သင်တို့သည် လောကီ နှင့်ဆက်ဆံ လျှင် ၊ လောကီသား တို့သည် မိမိ တို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီ နှင့်မ ဆက်ဆံ ၊ လောကီ ထဲက ငါ ရွေးကောက် သောသူဖြစ်သောကြောင့် ၊ လောကီသား တို့သည် သင် တို့ကိုမုန်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 15
Cross References
John 15:16သင် တို့သည် ငါ့ ကိုရွေးကောက် ကြသည်မ ဟုတ်။ ငါ သည် သင် တို့ကို ရွေးကောက် သဖြင့်၊ သင် တို့သည် သွား ၍ တည်ကြည် သောအသီး ကိုသီး မည်အကြောင်း နှင့် ငါ့ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာတောင်း သမျှ တို့ကို ရ မည်အကြောင်း သင် တို့ကို ငါခန့်ထား ၏။
Ephesians 1:4ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Titus 3:3အကြောင်းမူကား ၊ အထက် က ငါ တို့သည် ပညာ မဲ့သောသူ၊ နားမထောင် သောသူ၊ မှားယွင်း သောသူ၊ အထူးထူး အပြားပြားသော တပ်မက် ခြင်း၊ ကာမဂုဏ် ခံစားခြင်း အမှု တို့ကို ဆောင်ရွက်သောသူ၊ မနာလို ခြင်း၊ ငြူစူ ခြင်း၌ ကျင်လည် သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ အချင်းချင်း မုန်း သောသူဖြစ် ကြ၏။
1 Peter 4:3သာသနာပ လူတို့၏အလို သို့လိုက်၍ ၊ ကိလေသာ ညစ်ညှူးခြင်း၊ ကာမ တပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူး ခြင်း၊ ပွဲ လုပ်ခြင်း၊ သောက်ကြူး ခြင်း၊ အဓမ္မ ရုပ်တု ကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန် စေပြီးသော အသက်ကာလ သည် ငါတို့အားလောက် ပေ၏။
1 John 4:4ချစ်သား တို့၊ သင် တို့သည် ဘုရားသခင် နှင့်စပ်ဆိုင် ကြ၏။ ထိုသူ တို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား ၊ သင် တို့ဘက်၌ ရှိ သောသူ သည် လောက ဘက်၌ ရှိသောသူ ထက် သာ၍ကြီး တော်မူ၏။
Revelation 12:9သူ နှင့်အတူ သူ ၏တမန် တို့ကို၎င်း၊ မြေကြီး သို့ ချ လိုက်ကြ၏။