The Bible Software
ရှင်ယောဟန်ခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ခရစ်ဝင် 15

1ငါ သည် မှန် သောစပျစ် နွယ်ပင်ဖြစ် ၏။ ငါ့ ခမည်းတော် သည်လည်း ဥယျာဉ်စောင့် ဖြစ် တော်မူ၏။

2ငါ ၌ အသီး မ သီး သောအခက် ရှိသမျှ တို့ကို ခုတ်ပစ် တော်မူ၏။ အသီး သီး သောအခက်ရှိသမျှ တို့ကို သာ၍ သီး စေခြင်းငှာ သုတ်သင် ရှင်းလင်းတော်မူ၏။

3သင် တို့သည် ငါဟောပြော သောစကား အားဖြင့် ယခုပင် ရှင်းလင်း လျက်ရှိ ကြ၏။

4ငါ ၌ တည်နေ ကြလော့။ ငါ သည်လည်း သင် တို့၌ တည်နေမည်။ စပျစ်ခက် သည် အပင် ၌ မ တည် လျှင် ၊ ကိုယ်အလိုအလျောက် အသီး မ သီး နိုင် သကဲ့သို့ ၊ သင် တို့သည် ငါ ၌ မ တည် လျှင် အသီးမ သီးနိုင်ကြ။

5ငါ သည် စပျစ် နွယ်ပင်ဖြစ် ၏။ သင် တို့သည်အခက် များဖြစ်ကြ၏။ အကြင်သူ သည် ငါ ၌ တည် ၍ ငါ သည် လည်းသူ့ ၌ တည်၏၊ ထိုသူ သည် များစွာ သောအသီး ကိုသီး တတ်၏။ ငါ နှင့်ကွာ လျှင် သင်တို့သည် အဘယ် အမှု ကိုမျှ မ တတ်နိုင်ကြ။

6ငါ ၌ မ တည် သောသူ သည် သွေ့ခြောက် သောအခက် ကဲ့သို့ ပြင် သို့ပစ် လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း ၍ မီး ထဲသို့ ချ လိုက်ကြသဖြင့် မီးလောင် ခြင်းသို့ ရောက်ကြ၏။

7သင်တို့သည် ငါ ၌ တည် ၍ ငါ့ စကား သည်သင် တို့၌ တည် လျှင် ၊ သင် တို့သည်တောင်း ချင် သမျှ ကို တောင်း ၍ရ ကြလိမ့်မည်။

8သင်တို့သည် များစွာ သောအသီး ကိုသီး သောအားဖြင့် ၊ ငါ့ ခမည်းတော် သည် ဘုန်း ထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ ၏တပည့် မှန် ကြလိမ့်မည်။

9ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။

10ငါ သည် ငါ့ ခမည်းတော် ၏ပညတ် တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏မေတ္တာ ၌ တည်နေ သကဲ့သို့ ၊ သင်တို့သည် ငါ့ ပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ငါ့ မေတ္တာ ၌ တည်နေ ကြလိမ့်မည်။

11သင် တို့၌ ငါ ဝမ်းမြောက် စရာအကြောင်း တည် စေခြင်းငှာ ၎င်း ၊ သင် တို့ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ၎င်း၊ ဤ စကားကို သင် တို့အားငါဟောပြော ၏။

12ငါ့ ပညတ် ဟူမူကား၊ ငါသည် သင် တို့ကိုချစ် သည်နည်းတူ ၊ သင်တို့သည် အချင်းချင်း ချစ် ကြလော့။

13ကိုယ် အဆွေ တို့အဘို့ အလိုငှာ ကိုယ် အသက် ကိုစွန့် ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာ သည် အဘယ်သူ ၌မျှမရှိ ။

14သင် တို့သည် ငါ ပညတ် သမျှတို့ကို ကျင့်ဆောင် လျှင် ငါ ၏အဆွေ ဖြစ် ကြ၏။

15ယခုမှစ၍ငါသည်သင် တို့ကို ကျွန် ဟူ၍မ ခေါ် ။ ကျွန် မူကား ၊ ကိုယ် သခင် ပြု သောအမှုကိုမ သိ ။ သင် တို့ကို အဆွေ ဟူ၍ငါခေါ် ၏။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံ၌ ကြား သမျှသောအရာ တို့ကို သင် တို့ အား ငါပြသ ၏။

16သင် တို့သည် ငါ့ ကိုရွေးကောက် ကြသည်မ ဟုတ်။ ငါ သည် သင် တို့ကို ရွေးကောက် သဖြင့်၊ သင် တို့သည် သွား ၍ တည်ကြည် သောအသီး ကိုသီး မည်အကြောင်း နှင့် ငါ့ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာတောင်း သမျှ တို့ကို ရ မည်အကြောင်း သင် တို့ကို ငါခန့်ထား ၏။

17သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ ဤ ပညတ်တို့ကို ငါပေး ၏။

18လောကီသား တို့သည် သင် တို့ကိုမုန်း လျှင် ၊ သင် တို့ကို မ မုန်း မှီ ငါ့ ကိုမုန်းကြသည်ကို သိမှတ် ကြလော့။

19သင်တို့သည် လောကီ နှင့်ဆက်ဆံ လျှင် ၊ လောကီသား တို့သည် မိမိ တို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီ နှင့်မ ဆက်ဆံ ၊ လောကီ ထဲက ငါ ရွေးကောက် သောသူဖြစ်သောကြောင့် ၊ လောကီသား တို့သည် သင် တို့ကိုမုန်း ကြ၏။

20ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။

21ထိုသူတို့သည် ငါ့ ကိုစေလွှတ် တော်မူသောသူ ကို မ သိ သည်ဖြစ်၍ ၊ ငါ ၏နာမ ကြောင့် သင် တို့အား ထို အမှု ရှိသမျှတို့ကို ပြု ကြလိမ့်မည်။

22ငါ သည် လာ၍ ထိုသူ တို့အား မ ဟော မပြောလျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ မိမိ တို့အပြစ် ကို ဝှက် မ ထား နိုင်ကြ။

23ငါ့ ကို မုန်း သောသူ သည် ငါ့ ခမည်းတော် ကိုမုန်း ၏။

24ငါသည် အခြား သူမ ပြု ဘူးသောအမှု ကို ထိုသူ တို့ရှေ့ မှာမ ပြု လျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ သူတို့သည် ထိုအမှုကိုမြင် ရ၍ ငါ နှင့် ငါ့ ခမည်းတော် ကိုမုန်း ကြ၏။

25သို့ဖြစ်လျှင် ၊ အကြောင်း မရှိဘဲငါ့ ကိုမုန်း ကြ၏ဟု သူ တို့၏ပညတ္တိ ကျမ်းစာ၌ ရေး ထားသောစကား သည် ပြည့်စုံ ခြင်းသို့ ရောက်သတည်း။

26ခမည်းတော် ထံမှ ထွက်လာ ၍ သမ္မာတရား နှင့်ပြည့်စုံသောဝိညာဉ် တော်တည်းဟူသောခမည်းတော် ထံမှ သင် တို့ဆီသို့ငါ စေလွှတ် လတံ့သော ဥပဇ္ဈာယ် ဆရာသည်ရောက်လာ သောအခါ ၊ ငါ ၏အကြောင်း ကို သက်သေခံ လိမ့်မည်။

27သင် တို့သည်လည်း ရှေးဦးစွာ မှစ၍ ငါ နှင့်အတူ ရှိ နေသောကြောင့် သက်သေခံ ရကြလိမ့်မည်။

← ရှင်ယောဟန်ခရစ်ဝင် 14Read In The App, Free →ရှင်ယောဟန်ခရစ်ဝင် 16 →

Study ရှင်ယောဟန်ခရစ်ဝင် 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021