ရှင်ယောဟန်ခရစ်ဝင် 16:13
သမ္မာတရား နှင့်ပြည့်စုံသော ထို ဝိညာဉ် တော်သည် ရောက်လာ သောအခါ ၊ သမ္မာတရား ကို သင် တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြော မည်မ ဟုတ်။ ကြား သမျှ တို့ကို ဟောပြော လိမ့်မည်။ နောင်လာ လတံ့သောအရာ တို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
12သင် တို့အား ငါ ပြော စရာစကားအများ ရှိသော်လည်း ၊ သင်တို့သည် ယခု မ ခံ နိုင် ကြ။
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
John 3:32မြင် သမျှ ကြား သမျှတို့ကိုလည်း သက်သေခံ တော်မူ၏။ ထို သက်သေခံ ချက်ကို အဘယ်သူ မျှမခံ မယူ၊
John 8:38ငါသည်ငါ့ ခမည်းတော် ထံ၌ မြင် ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏။ သင်တို့သည် သင် တို့၏အဘ ထံ၌ မြင် ခဲ့ပြီးသည်အတိုင်း ပြု ကြ၏ ဟု မိန့် တော်မူ၏။
John 14:6ယေရှု က၊ ငါ သည်လမ်း ခရီးဖြစ် ၏။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏။ ငါ့ ကို အမှီ မ ပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက် ရ။
John 14:26ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။
Acts 2:17ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။
Acts 20:23သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။