ရှင်ယောဟန်ခရစ်ဝင် 16:32
သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
31ယေရှု ကလည်း၊ ယခု တွင်ယုံ ကြပြီလော။
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
Isaiah 50:6ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။
Matthew 26:31ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
Mark 14:27ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။”
John 4:21ယေရှု က၊ အချင်းမိန်းမ ၊ ငါ့ စကားကိုယုံ လော့။ ဤ တောင် သို့ မ လာ၊ ယေရုရှလင် မြို့သို့ မ သွားဘဲ ခမည်းတော် ကိုကိုးကွယ် ရမည် အချိန် ကာလရောက် ဆဲရှိ၏။
John 5:25ငါ အမှန်အကန် ဆိုသည်ကား ၊ သေ လွန်သောသူ တို့သည် ဘုရားသခင် သား တော်၏ စကား သံကိုကြား ၍ ၊ ကြား သောအားဖြင့်အသက် ရှင်ရမည့်အချိန် ကာလသည် လာ၍ယခုပင် ရောက် လျက်ရှိ၏။
John 8:16ငါ သည်စီရင် သော်လည်း ငါ ၏စီရင် ခြင်းသည် တည် ၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း နေ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် သည် ငါ့ ဘက်၌နေတော်မူ၏။