ရှင်ယောဟန်ခရစ်ဝင် 17:15
ဤသူ တို့ကို ဤလောက မှ နှုတ်ယူ တော်မူမည်အကြောင်း အကျွန်ုပ်တောင်း သည်မ ဟုတ်ပါ။ မကောင်း သော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူမည်အကြောင်း ကိုသာ တောင်းပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16အကျွန်ုပ် သည် ဤလောက နှင့်မ ဆက်ဆံ သကဲ့သို့ ဤသူ တို့သည် မ ဆက်ဆံကြပါ။
Read all of ရှင်ယောဟန်ခရစ်ဝင် 17
Cross References
Genesis 48:16ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။
Psalms 30:9သင်္ချိုင်း တွင်းထဲ သို့ဆင်း လျှင် အဘယ် အကျိုး ရှိပါ အံ့နည်း။
Ecclesiastes 9:10ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။
Isaiah 57:1ဖြောင့်မတ် သောသူသည် ဆုံး ၍ ကျေးဇူး ပြုတတ် သောသူ တို့ သည် ပယ်ရှား ခြင်းကို ခံရသောအခါ၊ ဖြောင့်မတ် သောသူကို မကောင်း သော အမှုအရာထဲက ရုပ်သိမ်း ပြီဟု အဘယ်သူ မျှမဆင်ခြင် ၊ အဘယ်သူမျှမအောက်မေ့ကြ။
Matthew 6:13အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
Luke 11:4အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။