ရှင်ယောဟန်ခရစ်ဝင် 19:31
ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Exodus 12:16ပဌမ နေ့ ၌ ၎င်း ၊ ခုနစ် ရက် နေ့၌ ၎င်း၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရမည်။ ထို နေ့ရက်၌ လူ တိုင်း စား ခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ် ကို မ လုပ် မဆောင်ရ။
Deuteronomy 21:22သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊
Joshua 10:26ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
Micah 3:3ငါ့ လူ တို့၏အသား ကို စား လျက် ၊ အရေ ကို ခွာ လျက် ၊ အရိုး တို့ကို ချိုး လျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ်၊ အိုးကင်း ၌ ပြုတ်သော အမဲသား ကို ပြုသကဲ့သို့ အရိုးအသားကို စဉ်း လျက်နှင့်ပင်၊
Mark 15:42ထိုနေ့ကား အဘိတ်နေ့ တည်းဟူသော ပရက္ကု နေ့ဖြစ် သောကြောင့် ည အချိန်ရောက် မှ၊
John 19:14ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တစ် ချက်တီးအချိန် လောက် ရှိ ၏။ ပိလတ်မင်းကလည်းသင် တို့၏ ရှင်ဘုရင် ကို ကြည့် ကြလော့ဟု ယုဒ လူတို့အား ပြောဆို လျှင် ၊