ရှင်ယောဟန်ခရစ်ဝင် 3:2
ညဉ့် အခါ ယေရှု ထံ တော်သို့ လာ ၍ ၊ အရှင် ဘုရား၊ ကိုယ်တော် သည်ပြ တော်မူသော ဤ နိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏အခွင့်မ ရှိ လျှင် အဘယ်သူ မျှမပြနိုင် သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော် သည် ဘုရားသခင် အထံတော်မှ ကြွလာ တော်မူသောဆရာ ဖြစ် ကြောင်းကို သိ ကြပါ၏ဟုလျှောက် သော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
1ယုဒ လူတို့တွင် အရာရှိ ဖြစ်သော နိကောဒင် အမည် ရှိသောဖာရိရှဲ တစ်ယောက်သည်၊
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Isaiah 51:7ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
Mark 12:14ထိုသူတို့သည် ချဉ်းကပ် ၍ ၊ အရှင် ဘုရား၊ ကိုယ်တော်သည်သစ္စာ ရှိ ပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကို မ ထောက် ဘဲ ဘုရားသခင် ၏တရား လမ်း ကို ဟုတ်မှန်စွာပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ ကဲသာ ဘုရင်အား အခွန် ဆက် အပ် သလော၊ မ ဆက်အပ်သလော။
John 3:26ယောဟန် ထံသို့ လာ ၍ ၊ အရှင် ဘုရား၊ ယော်ဒန် မြစ်တစ်ဘက် ၌ ကိုယ်တော် နှင့်တကွ ရှိ ၍၊ ကိုယ်တော် သက်သေ ပေးသောသူ သည် ဗတ္တိဇံ ကိုပေးလျက်နေ၏။ ထိုသူ ထံသို့ လူအပေါင်း တို့သည် ရောက် ကြပါ၏ဟု လျှေက် လျှင်၊
John 7:31လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။
John 9:16ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။
John 11:47ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ များသည်လွှတ် အရာရှိတို့ကို စည်းဝေး စေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ ပြု လျက်နေကြသနည်း။ ထို သူ သည်များစွာ သော နိမိတ် လက္ခဏာကိုပြ ၏။