The Bible Software
ရှင်ယောဟန်ခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ခရစ်ဝင် 3

1ယုဒ လူတို့တွင် အရာရှိ ဖြစ်သော နိကောဒင် အမည် ရှိသောဖာရိရှဲ တစ်ယောက်သည်၊

2ညဉ့် အခါ ယေရှု ထံ တော်သို့ လာ ၍ ၊ အရှင် ဘုရား၊ ကိုယ်တော် သည်ပြ တော်မူသော ဤ နိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏အခွင့်မ ရှိ လျှင် အဘယ်သူ မျှမပြနိုင် သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော် သည် ဘုရားသခင် အထံတော်မှ ကြွလာ တော်မူသောဆရာ ဖြစ် ကြောင်းကို သိ ကြပါ၏ဟုလျှောက် သော်၊

3ယေရှု က၊ ဒုတိယ မွေး ခြင်းကို မ ခံသောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မ မြင် ရ ဟု ငါ အမှန်အကန် ဆိုသည် ဟု ပြန် ၍မိန့် တော်မူ၏။

4နိကောဒင် ကလည်း၊ အသက်ကြီး သောသူ သည်မွေး ခြင်းကိုအဘယ်သို့ ခံနိုင် ပါမည်နည်း။ အမိ ဝမ်း ထဲသို့ တဖန် ဝင် ၍ မွေးခြင်းကို ခံနိုင် ပါမည်လောဟု လျှောက် ၏။

5ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။

6ဇာတိ ပကတိမွေး သောအရာ သည် ဇာတိ ပကတိဖြစ် ၏ဝိညာဉ် တော်မွေး သောအရာ သည် ဝိညာဉ် ဖြစ် ၏။

7ဒုတိယ မွေး ခြင်းကို ခံရမည်ဟု ငါဟောပြော သည်ကို အံ့ဩ ခြင်းမ ရှိနှင့်။

8လေ သည် အလိုရှိ တိုင်းသွားလာ ၏။ လေ ၏အသံ ကို သင်သည်ကြား ရသော်လည်း အဘယ် အရပ်က ဖြစ် သည်၊ အဘယ် အရပ်သို့သွား သည်ကိုမ သိ နိုင်။ ထိုနည်းတူ ဝိညာဉ် တော်မွေး သောသူ ဖြစ် သည် ဟု မိန့် တော်မူ၏။

9နိကောဒင် ကလည်း၊ ဤ အမှုအရာသည် အဘယ်သို့ ဖြစ် နိုင် ပါမည်နည်းဟု လျှောက် ပြန်လျှင်၊

10တဖန် ယေရှု က၊ သင် သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ် လျက်ပင်ဤ အမူအရာကို မ သိ သလော။

11ငါအမှန်အကန် ဆို သည်ကား၊ ငါတို့သည် ကိုယ်သိ သောအရာ ကိုပြော ၏၊ ကိုယ်မြင် သောအရာ ကို သက်သေခံ ၏။ သို့သော်လည်း ငါ တို့၏ သက်သေခံ ချက်ကို သင်တို့သည် မ ခံ မယူကြ။

12မြေကြီး အရာကို ငါပြော ၍ သင် တို့သည် မ ယုံ လျှင် ၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံ ကြလိမ့်မည်နည်း။

13ကောင်းကင် ဘုံက ဆင်းသက် ၍ ကောင်းကင်ဘုံ၌ရှိနေသော လူ သား မှတစ်ပါး အဘယ်သူ မျှကောင်းကင် ဘုံသို့ မ တက် ပြီ။

14မောရှေ သည်တော ၌ မြွေ ကို မြှောက် ထားသကဲ့သို့ လူ သား သည် မြှောက် ထားခြင်းကို ခံရမည်။

15အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။

16ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။

17လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။

18သား တော်ကိုယုံကြည် သောသူ သည် အပြစ် စီရင်ခြင်းကို မ ခံရ။ မ ယုံကြည် သောသူ မူကား ၊ ဘုရားသခင် ၌ တစ်ပါးတည်း သောသား တော်ကို မ ယုံကြည် သောကြောင့် ယခုပင် အပြစ် စီရင်ခြင်းကိုခံရ၏။

19အပြစ် စီရင်ခြင်းကို ခံရကြောင်း ကား၊ အလင်း သည် ဤလောက သို့ ဝင် ၍၊ လူ တို့သည် မကောင်း သောအကျင့် ကို ကျင့် သောကြောင့် ၊ အလင်း ထက် မှောင်မိုက် ကိုသာ၍ နှစ်သက် ကြ၏။

20ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ အပေါင်း တို့သည် အလင်း ကိုမြင်ပျင်း ၍ မိမိ တို့ အကျင့် ၌ အပြစ်ပါမည်ကိုမ ထင်ရှား စေခြင်းငှာ အလင်း သို့ မ ချဉ်းကပ် ကြ။

21သမ္မာတရား ကို ကျင့် သောသူ မူကား ၊ မိမိ အကျင့် တို့သည် ဘုရားသခင် ၏အလိုတော်နှင့်ညီသည်ကို ထင်ရှား စေခြင်းငှာ အလင်း သို့ ချဉ်းကပ် သည် ဟု ဟော တော်မူ၏။

22ထို နောက်မှ ယေရှု သည် တပည့် တော်တို့နှင့်အတူ ယုဒ ပြည်၏ကျေးလက် သို့ ကြွ တော်မူလျှင်၊ ထို အရပ်၌ တပည့် တော်တို့နှင့်တကွ နေ တော်မူ၍ ဗတ္တိဇံ ကို ပေးလေ၏။

23ယောဟန် သည်လည်း ၊ ရှာလိမ် မြို့နှင့်အနီး အဲနုန် အရပ်၌ ရေ များ သောကြောင့် ၊ ဗတ္တိဇံ ကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ ၍ ဗတ္တိဇံ ကို ခံကြ၏။

24ယောဟန် သည်ထောင် ထဲသို့ မ ရောက် သေး။

25ထိုအခါယောဟန် ၏တပည့် တို့သည် စင်ကြယ် ခြင်းကို အကြောင်း ပြု၍ ယုဒ လူနှင့် ဆွေးနွေး ငြင်းခုံခြင်း ရှိ ကြသဖြင့်၊

26ယောဟန် ထံသို့ လာ ၍ ၊ အရှင် ဘုရား၊ ယော်ဒန် မြစ်တစ်ဘက် ၌ ကိုယ်တော် နှင့်တကွ ရှိ ၍၊ ကိုယ်တော် သက်သေ ပေးသောသူ သည် ဗတ္တိဇံ ကိုပေးလျက်နေ၏။ ထိုသူ ထံသို့ လူအပေါင်း တို့သည် ရောက် ကြပါ၏ဟု လျှေက် လျှင်၊

27ယောဟန် က၊ ကောင်းကင် ဘုံမှ ပေး တော်မ မူလျှင် လူ သည် အဘယ် အရာကိုမျှ မ ခံ နိုင် ရာ။ ငါ သည် ခရစ်တော် မ ဟုတ် ။

28ခရစ်တော် ရှေ့ ၌စေလွှတ် သောသူဖြစ် သည်ဟု ငါ ဆိုသည်ကို သင် တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။

29မင်္ဂလာဆောင်သတို့သမီး ကိုရ သောသူ သည်မင်္ဂလာဆောင် လုလင်ဖြစ် ၏။ မင်္ဂလာဆောင်လုလင် ၏ အနားမှာ နေ၍ သူ ၏စကားကိုကြား ရသော အဆွေ ခင်ပွန်းသည်ထိုစကား သံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ ၏ဝမ်းမြောက် ခြင်းပြည့်စုံ ၏။

30ထိုသခင် သည် တိုးပွား ခြင်းရှိရ မည်။ ငါ မူကား ဆုတ်ယုတ် ခြင်းရှိရမည်။

31အထက် မှလာ သောသူ သည် အလုံးစုံ တို့၏ အထွဋ် ဖြစ် ၏။ မြေကြီး မှ ဖြစ် သောသူ သည် မြေကြီး နှင့် စပ်ဆိုင် ၍ မြေကြီး အရာ ကိုပြော တတ်၏။ ကောင်းကင် ဘုံမှ ကြွလာ သောသူ သည် အလုံးစုံ တို့၏အထွဋ် ဖြစ် တော်မူ၏။

32မြင် သမျှ ကြား သမျှတို့ကိုလည်း သက်သေခံ တော်မူ၏။ ထို သက်သေခံ ချက်ကို အဘယ်သူ မျှမခံ မယူ၊

33သက်သေခံ တော်မူချက်ကို ခံယူ သောသူ သည်ကား ၊ ဘုရားသခင် သည် သစ္စာစောင့် တော်မူသည်ဟု တံဆိပ် ခတ်၏။

34ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။

35ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။

36သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။

← ရှင်ယောဟန်ခရစ်ဝင် 2Read In The App, Free →ရှင်ယောဟန်ခရစ်ဝင် 4 →

Study ရှင်ယောဟန်ခရစ်ဝင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021