ရှင်ယောဟန်ခရစ်ဝင် 4:24
ဘုရားသခင် သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင် ကို ကိုးကွယ် သောသူ တို့သည်၊ နံဝိညာဉ် နှင့် ၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
God is a Spirit: and they that worship him must worship him in spirit and in truth.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Psalms 50:13နွား သား ကိုငါစား မည်လော။ ဆိတ် သွေး ကို ငါသောက် မည်လော။
Psalms 51:17ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
Isaiah 57:15အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
2 Corinthians 1:12ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။
Philippians 3:3ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။