ရှင်ယောဟန်ခရစ်ဝင် 5:44
အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
2 Chronicles 6:8ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ၊ ကောင်း သောအမှုကိုပြုပြီ။
Matthew 23:5သူတို့သည် ပြု သမျှ သောအကျင့် အမှုတို့ကို လူ များရှေ့မှာ ထင်ရှား စေခြင်းငှာပြုကြ၏။ ကျယ် သော လက်ဖွဲ့ တို့ကို၎င်း ၊ ကြီး သော ပန်းပွား တို့ကို၎င်း ဝတ်လေ့ရှိကြ၏။
Luke 19:17သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
John 8:43အဘယ်ကြောင့် ငါ့ စကား ကို နား မ လည်ကြသနည်း။ ငါ ၏ ဒေသနာ ကိုနာ မ ခံမယူနိုင် သောကြောင့် သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
John 17:3ထာဝရ အသက် ဟူမူကား၊ မှန် သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော် ကို၎င်း ၊ စေလွှတ် တော်မူသော ယေရှု ခရစ် ကို၎င်းသိကျွမ်း ခြင်းတည်း။
Romans 2:10ရှေးဦးစွာ ၌ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ကောင်း သော အကျင့်ကိုကျင့် သောသူရှိသမျှ တို့သည် ဘုန်း အသရေ ချမ်းသာ ကို ခံစားရကြလတံ့။