ရှင်လုကာခရစ်ဝင် 19:17
သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16ပဌမ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊
18ဒုတိယ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
1 Samuel 2:30ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
Luke 16:10အနည်းငယ် သော အမှု၌ သစ္စာ ရှိသောသူ သည် ကြီး သောအမှု၌ လည်း သစ္စာ ရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာ မရှိသောသူ သည် ကြီး သောအမှု၌ သစ္စာ မရှိ။
Romans 2:29အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။
2 Timothy 2:10ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။
1 Peter 5:4သို့ဖြစ်လျှင် ၊ သိုးထိန်း အကြီး ပေါ်ထွန်း တော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်း တတ်သော ဘုန်းကြီး သော ပန်း ဦးရစ်သရဖူကို ခံရ ကြလိမ့်မည်။