ရှင်ယောဟန်ခရစ်ဝင် 5:46
သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
မြန်မာကျမ်းစာ
In The King James Version
For had ye believed Moses, ye would have believed me: for he wrote of me.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Genesis 3:15သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
Genesis 18:18အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
Genesis 28:14သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
Numbers 21:8ထာဝရဘုရား ကလည်း ၊ မီးမြွေ ရုပ်ကိုလုပ် ၍ တိုင် ပေါ်မှာ မြှောက် ထားလော့။ အကိုက် ခံရသောသူ တိုင်း ကြည့်ရှု လျှင် အသက် ချမ်းသာရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
Deuteronomy 18:15သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့် တူသော ပရောဖက် တပါးကို သင့် အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထို ပရောဖက်၏ စကားကို နားထောင် ရမည်။
Luke 24:27ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။