ရှင်ယောဟန်ခရစ်ဝင် 6:2
အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
1ထို နောက်မှ ယေရှု သည် တိဗေရိ အိုင် တည်းဟူသောဂါလိလဲ အိုင်ကို ကူး တော်မူ၏။
3ယေရှု သည်တောင် ပေါ်သို့ တက်ကြွ ၍ တပည့် တော်တို့နှင့်အတူ ထိုင် တော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Matthew 4:24သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
Matthew 12:15ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
Matthew 14:14ညဦးယံ ၌ တပည့် တော်တို့သည်ချဉ်းကပ် ၍၊ ဤအရပ် သည် တော အရပ်ဖြစ် ပါ၏။ မိုး လည်း ချုပ်ပါပြီ။ လူ အစုအဝေးတို့သည် မြို့ရွာ သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာ အခွင့် ပေးတော်မူပါဟု လျှောက် ကြလျှင်၊
Mark 6:33သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။