ရှင်မဿဲခရစ်ဝင် 4:24
သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 6:27ထိုသို့ ထာဝရဘုရား သည် ယောရှု နှင့်အတူ ရှိ တော်မူ၍ ၊ သူ ၏ သိတင်း သည် တပြည် လုံး ၌ နှံ့ပြား ကျော်စော လေ၏။
1 Kings 4:31ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် ၊ မဟောလ သား ဟေမန် ၊ ခါလကောလ ၊ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ၊ ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။
1 Chronicles 14:17ဒါဝိဒ် သိတင်း သည်အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် သူ့ ကို ကြောက်ရွံ့ စေခြင်းငှါထာဝရဘုရား စီရင် တော်မူ၏။
Matthew 8:6သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။
Matthew 8:28ကမ်းတစ်ဘက် ဂါဒရ ပြည် သို့ ရောက် တော်မူသောအခါ နတ်ဆိုးစွဲ သောလူနှစ် ယောက်တို့သည် ထို လမ်း ကို အဘယ်သူ မျှ မ သွား နိုင် အောင် အလွန် ကြမ်းကြုတ် စွာပြုလျက်၊ သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော် ကို ခရီးဦးကြိုပြု ပြီးလျှင်၊
Matthew 9:26ထို သိတင်း စကားသည် တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောလေ၏။