ရောမဩဝါဒစာ 8:2
ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
မြန်မာကျမ်းစာ
In The King James Version
For the law of the Spirit of life in Christ Jesus hath made me free from the law of sin and death.
In Context
Cross References
Psalms 51:12ကယ်တင် တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက် ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ် သဘောသည် အကျွန်ုပ် ကိုထောက် မပါ စေသော။
John 4:10ယေရှု ကလည်း၊ ဘုရားသခင် ကျေးဇူး တော်ကို၎င်း ၊ ငါ သောက် ဘို့ရေပေး ပါဟုဆို သောသူ ကား အဘယ်သူ ဖြစ် သည်ကို၎င်း သင်သည်သိ လျှင် ထို သူကိုတောင်း လိမ့်မည်။ ထိုသူသည်လည်း အသက် ရေ ကို ပေး လိမ့်မည် ဟုပြန် ၍ မိန့် တော်မူသော်၊
John 6:63ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။
John 8:32သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
Romans 3:27သို့ဖြစ်လျှင် ဝါကြွား စရာ အကြောင်းကား အဘယ်သို့ နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ် ပြီးအဘယ် တရား အားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မ ဟုတ်၊ယုံကြည် ခြင်းတရား အားဖြင့် ပယ်ပြီ။
Romans 6:14ကိုယ်အင်္ဂါ များကိုလည်း သုစရိုက် လက်နက် ဖြစ်စေ၍၊ ဘုရားသခင် အားဆက်ကြလော့။ သင်တို့သည် ပညတ် တရားလက် ၌မ ရှိ ၊ ကျေးဇူး တရားလက် ၌ရှိသောကြောင့် အပြစ် တရားသည် သင် တို့ကို မ အုပ်စိုး ရ။