ရှင်ယောဟန်ခရစ်ဝင် 7:16
ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
Jesus answered them, and said, My doctrine is not mine, but his that sent me.
In Context
15ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
John 3:31အထက် မှလာ သောသူ သည် အလုံးစုံ တို့၏ အထွဋ် ဖြစ် ၏။ မြေကြီး မှ ဖြစ် သောသူ သည် မြေကြီး နှင့် စပ်ဆိုင် ၍ မြေကြီး အရာ ကိုပြော တတ်၏။ ကောင်းကင် ဘုံမှ ကြွလာ သောသူ သည် အလုံးစုံ တို့၏အထွဋ် ဖြစ် တော်မူ၏။
John 5:30ငါ သည်ကိုယ် အလိုအလျောက် အဘယ် အမှုကိုမျှမ ပြု နိုင် ။ ငါသည် ကြား သည်အတိုင်း တရား စီရင်၏၊ ငါ စီရင် ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား ၊ ငါ သည် ကိုယ်အလို သို့မ လိုက် ၊ ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် ၏အလို သို့လိုက်၏။
John 6:44ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
John 12:49အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။
John 14:24ငါ့ ကိုမ ချစ် သောသူ သည် ငါ့ စကား ကို နားမ ထောင်။ သင်တို့ကြား သောစကား သည် ငါ့ စကားမ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူသော ခမည်းတော် ၏စကားတော်ဖြစ်၏။
John 17:14ကိုယ်တော် ၏နှုတ်ကပတ် တရားကို ဤသူ တို့အား အကျွန်ုပ် ပေး ပါပြီ။ အကျွန်ုပ် သည် ဤလောက နှင့် မ ဆက်ဆံသကဲ့သို့ ဤသူတို့သည် မ ဆက်ဆံသောကြောင့် ၊ လောကီသား တို့သည် ဤသူ တို့ကို မုန်း ကြပါ၏။