ရှင်ယောဟန်ခရစ်ဝင် 6:44
ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
43ယေရှု ကလည်း ၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့ ၍ အပြစ်မ တင်ကြနှင့်။
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Isaiah 44:18ထိုသို့သောသူသည်ပညာ မ ရှိ။ ဉာဏ် မ ရှိ။ မမြင် နိုင်အောင် မျက်စိ ကို၎င်း၊ နား မလည်နိုင်အောင် စိတ် နှလုံးကို၎င်းပိတ် ၏။
Jeremiah 31:3ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။
Matthew 11:25ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
Matthew 16:17ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။
John 5:44အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။
John 6:45အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။