ရှင်ယောဟန်ခရစ်ဝင် 8:36
ထိုကြောင့် သား သည် သင် တို့ကိုလွှတ် လျှင် ၊ သင်တို့သည် ဧကန်အမှန် လွတ် ကြလိမ့်မည် ။
မြန်မာကျမ်းစာ
In The King James Version
If the Son therefore shall make you free, ye shall be free indeed.
In Context
35ကျွန် သည်ကား အိမ် ၌ အစဉ်အမြဲ နေ သည်မ ဟုတ်။ သား မူကား အစဉ်အမြဲ နေ ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Psalms 19:13ရဲရင့် သော ဒုစရိုက်ကို လည်း ကိုယ်တော် ၏ ကျွန် သည် မ ပြုရမည်အကြောင်းဆီးတား တော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ် ကို အစိုး မ ရပါစေနှင့်။ ထိုသို့ သော အားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ် ခြင်းရှိ၍ ၊ ကြီးစွာ သောပြစ် မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Psalms 119:133မိန့် တော်မူချက် အစဉ်အတိုင်း ၊ အကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး မ ရပါစေနှင့်။
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
Luke 4:18ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။
Romans 8:2ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
Galatians 5:1ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် မ ခံကြနှင့်။