ရှင်ယောဟန်ခရစ်ဝင် 9:39
ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
38သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။
40အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Isaiah 6:9ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။
Isaiah 42:18နားပင်း သောသူတို့၊ ကြား ကြလော့။ မျက်စိကန်း သောသူတို့၊ သင်တို့သည် မြင် ရအံ့သောငှါ ကြည့်ရှု ကြလော့။
Jeremiah 1:9လက် တော်ကိုဆန့် ၍ ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ၌ ငါ့ စကား ကို ငါသွင်း ထားပြီ။
Matthew 11:5မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
Luke 1:79မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။
Luke 4:18ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။