The Bible Software
ရှင်ယောဟန်ခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ခရစ်ဝင် 9

1လမ်း၌သွား တော်မူစဉ်၊ အမိ ဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ တစ်ယောက်ကို တွေ့မြင် တော်မူ၏။

2တပည့် တော်တို့က၊ အရှင် ဘုရား၊ ဤသူ သည် အဘယ်သူ ၏အပြစ် ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်း သလောဟု မေးလျှောက် ကြ၏။

3ယေရှု ကလည်း၊ ကိုယ် အပြစ် ကြောင့်မ ဟုတ်။ မိဘ အပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှား စေမည်အကြောင်း တည်း။

4ငါ့ ကို စေလွှတ် တော်မူသော သူ ၏အမှု ကို နေ့ အချိန်၌ရှိ စဉ် တွင် ငါ ပြု ရ မည်။ အဘယ်သူ မျှအမှု မပြုနိုင် သော အချိန် တည်းဟူသောညဉ့် အချိန်လာ သေး၏။

5ငါ သည် ဤလောက ၌ ရှိ စဉ် တွင် ဤလောက ၏အလင်း ဖြစ်၏ ဟု မိန့် တော်မူပြီးလျှင်၊

6မြေ ပေါ်မှာထွေး ၍ တံထွေး နှင့်ရွှံ့ လုပ် ပြီးမှ၊ ကန်းသောသူ၏ မျက်စိ ကိုရွှံ့ နှင့်လူး ၍ ၊

7သင်သွား လော့။ ရှိလောင် ရေကန် ၌ မျက်စိကိုဆေး လော့ ဟု မိန့် တော်မူ၏။ ရှိလောင်အနက် ကား စေလွှတ် သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား ၍ ဆေး ပြီးမှ၊ မျက်စိမြင် လျက် ပြန် လေ၏။

8သူ သည် သူတောင်းစား ဖြစ် သည်ကို အိမ်နီးချင်း မှစ၍ မြင် ဘူး သောသူ တို့က၊ ဤသူ သည် ထိုင် ၍ တောင်း သောသူ မ ဟုတ် လောဟု ဆို ကြ၏။

9လူအချို့ က၊ ဟုတ်ကဲ့ ဟုဆို ကြ၏။ အချို့ ကလည်း၊ ထိုသူ နှင့်တူ သည်ဟု ဆို ကြ၏။ ထိုသူ ကလည်း၊ အကျွန်ုပ် သည် ထိုသူပင်ဖြစ် သည်ဟုဆို ၏။

10သူ တို့ကလည်း၊ အဘယ်သို့ သင် ၏မျက်စိ ပွင့် သနည်းဟု မေးမြန်း ကြလျှင်၊

11ထိုသူ က၊ ယေရှု အမည် ရှိသောသူ တစ်ယောက်သည် ရွှံ့ လုပ် ၍ ကျွန်ုပ် မျက်စိ ကိုလူး ပြီးမှ၊ ရှိလောင် ရေကန်သို့ သွား ၍ မျက်စိကိုဆေး လောဟုဆို သည်အတိုင်း အကျွန်ုပ်သွား ၍ ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။

12လူများကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ကြလျှင်၊ အကျွန်ုပ်မ သိ ဟုဆို ၏။

13လူများသည် မျက်စိ ကန်းဘူးသော ထိုသူ ကို ဖာရိရှဲ တို့ထံသို့ ပို့ ကြ၏။

14ယေရှု သည် ရွှံ့ လုပ် ၍ သူ ၏မျက်စိ ကို ပွင့် တော်မူသောနေ့ သည် ဥပုသ်နေ့ ဖြစ် သတည်း။

15တစ်ဖန် ဖာရိရှဲ တို့ကအဘယ်သို့ ၊သင်၏မျက်စိမြင် သနည်းဟုမေးမြန်း ပြန်လျှင်၊ အကျွန်ုပ် မျက်စိ ၌ သူ သည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေး လျှင် မျက်စိမြင် သည်ဟုဆို ၏။

16ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။

17တစ်ဖန် မျက်စိ ကန်းဘူးသောသူ အား၊ သင် ၏မျက်စိ ကိုဖွင့် သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု မေး ကြလျှင် ၊ ပရောဖက် ဖြစ် သည်ဟုဆို ၏။

18ထိုသူသည် အထက်မျက်စိ မမြင်၊ နောက်မှ မျက်စိမြင် သည်ကို ယုဒ လူတို့သည် မ ယုံ ကြသဖြင့် သူ၏ မိဘ ကိုခေါ် ၍ ၊

19ဤသူ သည် သင် တို့ဆို သည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိ ကန်းသော သင် တို့၏ သား မှန် လော။ သို့မှန်လျှင် အဘယ်သို့ ယခု မျက်စိမြင် သနည်းဟု မေး ကြ၏။

20မိဘ တို့ကလည်း၊ ဤသူ သည် အကျွန်ုပ် တို့၏ သား မှန် သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း ၊ အကျွန်ုပ်တို့ သိ ကြပါ၏။

21အဘယ်ကြောင့် မျက်စိမြင် သည်ကို၎င်း ၊ အဘယ်သူ သည်သူ၏ မျက်စိ ကိုဖွင့် သည်ကို၎င်း၊ အကျွန်ုပ် တို့ မ သိ ကြပါ။ သူ သည် အသက် အရွယ်နှင့်ပြည့်စုံပါ၏။ သူ့ ကိုမေး ကြပါလော့။ သူ သည်ကိုယ် အကြောင်း ကို ကိုယ်တိုင်ပြော ပါလိမ့်မည်ဟု ပြန်ပြော ကြ၏။

22ဤသို့ ပြော သည်အကြောင်း ကား၊ ယေရှုသည် ခရစ်တော် ဖြစ်သည်ဟု ဝန်ခံ သောသူ မည်သည်ကို တရားစရပ် မှနှင်ထုတ်ရ မည်ဟု ယုဒ လူတို့သည် တိုင်ပင် စီရင်ကြနှင့် ပြီ။

23ထိုကြောင့် မိဘ တို့က၊ သူ သည် အသက် အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ ကိုမေး ကြလော့ဟု ယုဒ လူတို့ကို ကြောက် ၍ ပြော ကြ၏။

24ထိုကြောင့် ၊ မျက်စိ ကန်းဘူးသောသူ ကို ဒုတိယ အကြိမ်ခေါ် ၍ ဘုရားသခင် ကို ချီးမွမ်း လော့။ ထို သူ သည် လူဆိုး ဖြစ် ကြောင်း ကို ငါ တို့သိ ၏ဟုဆို ကြလျှင်၊

25လူဆိုး ဖြစ် သည်မ ဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိ ကန်း၍ ယခု မျက်စိမြင် သည်အကြောင်းတစ်ခု ကို အကျွန်ုပ်သိ သည်ဟုဆို ၏။

26တဖန်သူတို့က၊ သူသည်သင် တို့၌ အဘယ်သို့ ပြု သနည်း။ သင် ၏ မျက်စိ ကိုအဘယ်သို့ ဖွင့် သနည်းဟု မေး ကြလျှင်၊ အကျွန်ုပ်တစ်ခါပြော ပြီ၊ သင် တို့နားမ ကြား ကြ။

27အဘယ်ကြောင့် တစ်ဖန် ကြား ချင် သနည်း။ သူ့ တပည့် ဖြစ် ချင်သလောဟု ဆို ကြ၏။

28ထိုသူတို့ကလည်း၊ သင် သည်သူ့ တပည့် ဖြစ် ၏။ ငါ တို့မူကား မောရှ ၏တပည့် ဖြစ် ကြ၏။

29ဘုရားသခင် သည်မောရှ ၌ ဗျာဒိတ် ထားတော်မူကြောင်း ကို ငါ တို့ သိ ကြ၏။ ထိုသူ သည် အဘယ် ကဖြစ် သည်ကို မ သိ ဟုကဲ့ရဲ့ ၍ ပြောဆို ကြလျှင်၊

30သူသည် အကျွန်ုပ် မျက်စိ ကိုဖွင့် သော်လည်း အဘယ် ကဖြစ် သည်ဟု သင် တို့မ သိ ကြသည်ကို အံ့ဩဘွယ် ရှိ ၏။

31ဘုရားသခင် သည် လူဆိုး တို့ စကားကိုနားထောင် တော်မ မူသည်ကို ငါတို့သိ ကြ၏။ ဘုရားသခင် ကို ရိုသေလေးမြတ်၍ အလို တော်ကို လိုက် သောသူဖြစ် လျှင် ထိုသူ ၏စကားကို နားထောင် တော်မူ၏။

32အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။

33ထိုသူ သည်ဘုရားသခင် စေလွှတ် တော်မူသောသူမ ဟုတ် လျှင် အဘယ် အမှုကိုမျှမ တတ် နိုင် ဟုပြောဆို ၏။

34ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။

35နှင်ထုတ် သည်အကြောင်း ကို ယေရှု သည်ကြား ပြီးမှထိုသူ ကိုတွေ့ တော်မူလျှင်၊ သင် သည် ဘုရားသခင် သား တော်ကို ယုံကြည် သလော ဟု မေး တော်မူ၏။

36သခင် ၊ အကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏သား တော်ကား အဘယ်သူ နည်းဟု မေးလျှောက် သော်၊

37ယေရှု က၊ သင်သည် ထိုသူ ကိုမြင် ခဲ့ပြီးသာမက ၊ သင် နှင့် ယခု စကားပြော သောသူ သည် ဘုရားသခင်၏ သားတော်ဖြစ် သည် ဟု မိန့် တော်မူလျှင်၊

38သခင် ၊ အကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက် ၍ ညွတ်ပြပ် ကိုးကွယ်လေ၏။

39ထိုအခါ ယေရှု ကလည်း ၊ မျက်စိမ မြင် သောသူ သည် မြင် စေခြင်းငှာ ၎င်း ၊ မြင် သောသူကို မျက်စိ ကန်းစေခြင်းငှာ၎င်း၊ ငါ သည် တရားစီရင် ၍ ဤ လောက သို့ ရောက်လာ ပြီ ဟု မိန့် တော်မူ၏။

40အထံ တော်၌ ရှိ သောဖာရိရှဲ အချို့တို့သည် ထို စကားကိုကြား လျှင်၊ ငါ တို့သည် မျက်စိ ကန်းသလောဟု မေး ကြ၏။

41ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။

← ရှင်ယောဟန်ခရစ်ဝင် 8Read In The App, Free →ရှင်ယောဟန်ခရစ်ဝင် 10 →

Study ရှင်ယောဟန်ခရစ်ဝင် 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021