Jonah 3:8
လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
7လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။
Cross References
Psalms 130:1အိုထာဝရဘုရား ၊ နက်နဲ ရာထဲက ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။
Isaiah 55:6တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
Isaiah 59:6သူ တို့ရက်သော အမြှေး ဖြင့် အဝတ် ကို မ လုပ် ရ။ ကိုယ် အကျင့် နှင့် ကိုယ်ကိုမ ခြုံ ရကြ။ သူ တို့ပြု သောအမှုသည် အဓမ္မ အမှု ဖြစ်၏။ သူ တို့လက် ၌ ကြမ်းတမ်း သော အမှုရှိ၏။
Ezekiel 18:21သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
Ezekiel 18:30သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
Daniel 4:27သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။