Jonah 3:9
ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
Who can tell if God will turn and repent, and turn away from his fierce anger, that we perish not?
In Context
Cross References
1 Samuel 6:5ထိုကြောင့် မြင်းသရိုက် ပုံ ၊ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် ၊ သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။
Psalms 106:45ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
Joel 2:14သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။
Jonah 1:6သင်္ဘော သူကြီးသည် လာ ၍ ၊ အိုအိပ်ပျော် သောသူ ၊ အဘယ်သို့ နည်း။ ထ လော့။ သင် ၏ဘုရား ကို ဆုတောင်း လော့။ ငါတို့အသက် လွတ်စေခြင်းငှါထိုဘုရား သည် ငါ တို့ ကို အောက်မေ့ ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏။
Jonah 4:2ကိုယ်တော် သည် သနား စုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို နောင်တရ တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ ပါ၏။
Luke 15:18ငါ ထ ၍ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။