ယောရှုမှတ်စာ 10:11
ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 19:24ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
Exodus 9:25အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။
Judges 5:20ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။
Job 38:23ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
Psalms 18:12ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။
Psalms 77:17မိုဃ်းတိမ်တို့သည် ရေကို သွန်းလောင်း၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။