ယောရှုမှတ်စာ 21:11
ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
10အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား၊
12သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။
Cross References
Genesis 35:27ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
Joshua 15:13ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။
Joshua 20:7သူတို့သည် ဂါလိလဲ ပြည်၊ နဿလိ တောင် ပေါ်မှာ ကေဒေရှ မြို့၊ ဧဖရိမ် တောင် ပေါ်မှာ ရှေခင် မြို့၊ ယုဒ တောင် ပေါ်မှာ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
2 Samuel 2:1ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
2 Samuel 15:7လေး နှစ် လွန် သောအခါ အဗရှလုံ သည် ရှင်ဘုရင် ထံ တော်သို့ဝင်၍၊ ထာဝရဘုရား သည် အကျွန်ုပ် ကို တဖန်ယေရုရှလင် မြို့သို့ဆောင် တော်မူလျှင် ၊ ထာဝရဘုရား ဝတ် ကိုအကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော် ကျွန် သည် ရှုရိ ပြည် ဂေရှုရ မြို့၌ နေ သောအခါ သစ္စာဂတိ ပြု ပါပြီ။
Luke 1:39ထို အခါ မာရိ သည်ထ ၍ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊