The Bible Software
ယောရှုမှတ်စာ · မြန်မာကျမ်းစာ

ယောရှုမှတ်စာ 21

1လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ် ၍၊

2အကျွန်ုပ် တို့ နေ စရာဘို့ မြို့ တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ် တို့ကို၎င်း ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူပြီဟု ခါနာန် ပြည် ၊ ရှိလော မြို့၌ ပြောဆို ကြလျှင်၊

3ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မိမိ တို့အမွေ ခံရသောမြေထဲက ၊ မြို့ နှင့် မြို့နယ် တို့ကိုပေး ကြ၏။

4စာရေးတံ ပြု၍ ကောဟတ် အဆွေ အမျိုးတို့သည် အမွေခံရာတွင်၊ လေဝိ သား ယဇ်ပုရောဟိတ် အာရုန် ၏ သား မြေးတို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ယုဒ ခရိုင်၊ ရှိမောင် ခရိုင်၊ ဗင်္ယာမိန် ခရိုင်ထဲက ဆယ် သုံး မြို့ ကို ရကြ၏။

5ကြွင်းသော ကောဟတ် သား တို့သည် ဧဖရိမ် ခရိုင်၊ ဒန် ခရိုင်၊ မနာရှေ ခရိုင် ဝက် ထဲက ဆယ် မြို့ ကို ရကြ၏။

6ဂေရရှုံ သား တို့သည် စာရေးတံ ပြုသောအားဖြင့် ၊ ဣသခါ ခရိုင်၊ အာရှာ ခရိုင်၊ နဿလိ ခရိုင်၊ ဗာရှန် ပြည်၌ မနာရှေ ခရိုင်ဝက် ထဲက ၊ ဆယ် သုံး မြို့ ကို ရကြ၏။

7မေရာရိ သား တို့သည် အဆွေ အမျိုးအလိုက် ရုဗင် ခရိုင်၊ ဂဒ် ခရိုင်၊ ဇာဗုလုန် ခရိုင်ထဲက ၊ ဆယ် နှစ် မြို့ ကို ရကြ၏။

8ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် စာရေးတံ ပြု၍ ထို မြို့ တို့ကို မြို့နယ် နှင့်တကွ လေဝိ သားတို့အား ပေး ကြ၏။

9ယုဒ အမျိုးသား ခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲက ပေး ၍ လေဝိ သား ဖြစ် သော ကောဟတ် အဆွေ အမျိုး၊

10အာရုန် ၏သားမြေး တို့သည် ပဌမ စာရေးတံ အားဖြင့်ရ သောမြို့ တို့၏အမည် များဟူမူကား၊

11ယုဒ ခရိုင်တောင် ကြား၌ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ နေသောမြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။

12သို့ရာတွင် မြို့ နှင့်ဆိုင်သော လယ် များ၊ ရွာ များတို့ကို ယေဖုန္နာ ၏သား ကာလက် အား အပိုင် ပေး ကြ၏။

13လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။

14ထိုမှတပါး၊ လိဗန မြို့နှင့် မြို့နယ် ၊ ယတ္တိရ မြို့နှင့် မြို့နယ် ၊ ဧရှတေမော မြို့နှင့် မြို့နယ်၊

15ဟောလုန် မြို့နှင့် မြို့နယ် ၊ ဒေဗိရ မြို့နှင့် မြို့နယ်၊

16အဣန မြို့နှင့် မြို့နယ် ၊ ယုတ္တ မြို့နှင့် မြို့နယ် ၊ ဗက်ရှေမက် မြို့နှင့် မြို့နယ် တည်းဟူသော ထို ခရိုင်နှစ် ခရိုင်ထဲက ကိုး မြို့ တို့ကို၎င်း၊

17ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင် မြို့နှင့် မြို့နယ် ၊ ဂေဗ မြို့နှင့် မြို့နယ်၊

18အာနသုတ် မြို့နှင့် မြို့နယ် ၊ အာလမုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း ပေးကြ၏။

19အာရုန် ၏သား မြေး ယဇ်ပုရောဟိတ် တို့ရသောမြို့ ပေါင်း ကား၊ မြို့နယ် ပါသောမြို့ ဆယ် သုံး မြို့ရှိသတည်း။

20ကြွင်း သောကောဟတ် သား အဆွေ အမျိုးဖြစ်သော လေဝိ သားတို့သည် စာရေးတံ ပြု၍ ဧဖရိမ် ခရိုင်ထဲက ရသည်အတိုင်း၊

21လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို မြို့နယ် နှင့်တကွ ပေး ကြ၏။

22ထိုမှတပါး ဂေဇာ မြို့နှင့် မြို့နယ် ၊ ကိဗဇိမ် မြို့နှင့် မြို့နယ် ၊ ဗေသောရုန် မြို့နှင့် မြို့နယ် တည်းဟူသော လေး မြို့ တို့ကို၎င်း၊

23ဒန် ခရိုင်ထဲက ဧလတေက မြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိသုန် မြို့နှင့် မြို့နယ်၊

24အာဇလုန် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊

25မနာရှေ ခရိုင်ဝက် ထဲက တာနက် မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန် မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်းပေးကြ၏။

26ကြွင်း သော ကောဟတ် သား အဆွေ အမျိုးတို့သည် ရသောမြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် မြို့တည်း။

27လေဝိ အဆွေ အမျိုး၊ ဂေရရှုံ သား တို့အား လည်း ၊ မနာရှေ ခရိုင်ဝက် ထဲက လူအသက်ကိုသတ် မိသောသူ မှီခို ရာမြို့ ၊ ဗာရှန် ပြည်၌ ဂေါလန် မြို့နှင့် မြို့နယ် ၊ ဗေရှတေရ မြို့နှင့် မြို့နယ် တည်းဟူသောနှစ် မြို့ တို့ကို၎င်း၊

28ဣသခါ ခရိုင်ထဲက ကိရှုန် မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ်၊

29ယာမုတ် မြို့နှင့် မြို့နယ် ၊ အင်္ဂန္နိမ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊

30အာရှာ ခရိုင်ထဲက မိရှလ မြို့နှင့် မြို့နယ် ၊ အာဗဒုန် မြို့နှင့် မြို့နယ်၊

31ဟေလကတ် မြို့နှင့် မြို့နယ် ၊ ရဟောဘ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊

32နဿလိ ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသော သူမှီခို ရာမြို့ ၊ ဂါလိလဲ ပြည်၌ ကေဒေရှ မြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါ မြို့နှင့် မြို့နယ် ၊ ကာတံ မြို့နှင့် မြို့နယ် တည်းဟူသော သုံး မြို့ တို့ကို၎င်းပေးကြ၏။

33ဂေရရှုံ သားတို့သည်၊ အဆွေ အမျိုးအလိုက် ရသော မြို့နယ် နှင့်တကွ မြို့ ပေါင်း ကား ဆယ် သုံး မြို့ တည်း။

34ကြွင်း သော လေဝိ သား၊ မေရာရိ အဆွေ အမျိုးတို့အား ဇာဗုလုန် ခရိုင်ထဲက ယောကနံ မြို့နှင့် မြို့နယ် ၊ ကာတ မြို့နှင့် မြို့နယ်၊

35ဒိမန မြို့နှင့် မြို့နယ် ၊ နဟာလာလ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊

36ရုဗင် ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာ မြို့နှင့် မြို့နယ် ၊ ယဟာဇ မြို့နှင့် မြို့နယ်၊

37ကေဒမုတ် မြို့နှင့် မြို့နယ် ၊ မေဖတ် မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်း၊

38ဂဒ် ခရိုင်ထဲက ၊ လူအသက်ကိုသတ် မိသောသူမှီခို ရာမြို့ ၊ ဂိလဒ် ပြည်၌ ရာမုတ် မြို့နှင့် မြို့နယ် ၊ မဟာနိမ် မြို့နှင့် မြို့နယ်၊

39ဟေရှဘုန် မြို့နှင့် မြို့နယ် ၊ ယာဇာ မြို့နှင့် မြို့နယ် တည်းဟူသောလေး မြို့ တို့ကို၎င်းပေးကြ၏။

40ကြွင်း သောလေဝိ အဆွေ အမျိုးမေရာရိ သား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် ရသောမြို့နယ်နှင့်တကွမြို့ ပေါင်း ကား ဆယ် နှစ် မြို့ တည်း။

41ဣသရေလ အမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိ သားနေသောမြို့ ပေါင်း ကား၊ မြို့နယ် နှင့်တကွ လေး ဆယ်ရှစ် မြို့ တည်း။

42ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။

43ထာဝရဘုရား ကလည်း ၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာ ကျကြ၏။

44ဘိုးဘေး တို့အား ကျိန်ဆို တော်မူသမျှ အတိုင်း ၊ ပတ်ဝန်းကျင် အရပ်တို့၌ ငြိမ်ဝပ် ရာအခွင့်ကိုပေးတော်မူသဖြင့် ၊ သူ တို့ရှေ့ မှာ အဘယ်ရန်သူ မျှမ ရပ် နိုင်။ ရန်သူ အပေါင်း တို့ကို သူ တို့လက် သို့ အပ် တော်မူ၏။

45ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။

← ယောရှုမှတ်စာ 20Read In The App, Free →ယောရှုမှတ်စာ 22 →

Study ယောရှုမှတ်စာ 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324