ယောရှုမှတ်စာ 21:45
ထာဝရဘုရား သည် ဣသရေလ အမျိုး အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံ တပါးမျှမ လျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 23:19ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
1 Samuel 3:19ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
1 Kings 8:20ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
1 Kings 8:56ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။
Isaiah 48:3ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။
1 Thessalonians 5:24သင် တို့ကိုခေါ် တော်မူသောသူ သည်သစ္စာ နှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြု တော်မူလိမ့်မည်။