ရှင်ယုဒဩဝါဒစာ 1:11
သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကာဣန နောက် သို့လိုက်ကြ၏။ အခ ကိုရခြင်းငှာဗာလမ် မှားယွင်း သကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ ၏ငြင်းခုံ ခြင်းအပြစ်နှင့် ဖျက်ဆီး ခြင်းသို့ရောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:3အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
Numbers 22:1တဖန် ဣသရေလ အမျိုးသား တို့သည် ခရီးသွား ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ တဲ ဆောက်ကြ၏။
Numbers 31:16ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
Joshua 24:9မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
Isaiah 3:9သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။
Jeremiah 13:27သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၌ ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။