ရှင်ယုဒဩဝါဒစာ 1:12
မေတ္တာ ပွဲလုပ် ၍ သင် တို့နှင့်အတူစား သောက်သောအခါ အားမနာ ဘဲ၊ မိမိ တို့ကိုဝ စွာကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေ မရှိ၊ လေ တိုက်၍လွင့် သော မိုဃ်းတိမ် ကဲ့သို့၎င်း၊ ညှိုးနွမ်း ၍ အသီး မတင်၊ နှစ် ကြိမ် သေ ၍ နှုတ် ပစ်သော သစ်ပင် ကဲ့သို့၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 7:20ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
Psalms 1:3အကြောင်း မူကား၊ ထို သူသည် မြစ် နား မှာ စိုက် လျက် မိမိ အချိန် တန်မှ အသီး ကိုသီး၍ ၊ အရွက် မ ညှိုးနွမ်း တတ်သော အပင် နှင့် တူ၏။ ပြု လေသမျှ တို့၌ အောင် လိမ့်သတည်း။
Psalms 78:29ထိုသို့ သူ တို့ အလို ရှိသည်အတိုင်း ပေး တော်မူသဖြင့် ၊ သူတို့သည် ဝ ပြောစွာ စား ရကြ၏။
Isaiah 56:10သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။
Ezekiel 34:2အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။
Ezekiel 34:10အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည်သိုးထိန်း တို့ တဘက်၌ နေ၏။ ငါ့ သိုး များကို သူ တို့၌ ငါတောင်း ၍ သိုးထိန်း အရာကို နှုတ် မည်။ သိုးထိန်း တို့သည် နောက် တဖန်ကိုယ် ကိုမ ကျွေးမွေး ရကြ။ ငါ့ သိုး များကို သူ တို့ပစပ် မှ ငါနှုတ် ၍ နောက်တဖန် မ ကိုက် မစားရကြ။