ရှင်ယုဒဩဝါဒစာ 1:13
မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 93:3အို ထာဝရဘုရား ၊ မြစ် တို့သည် ထ ကြပါ၏။ မြစ် တို့သည် ဟုန်းသံ ကိုပေး ကြပါ၏။ မြစ် တို့သည် လှိုင်း တံပိုးခတ် ကြပါ၏။
Jeremiah 5:22ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
2 Timothy 3:13ဆိုးညစ် သောသူ၊ လှည့်ဖြား သောသူတို့မူကား ၊ သူတစ်ပါး ကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား ၍ ဆိုးညစ် ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။
Revelation 8:10တတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီးခွက် ကဲ့သို့ ထွန်းတောက် သော ကြယ် ကြီး သည် ကောင်းကင် က ကျ ၍ ၊ မြစ် သုံးစု တစ်စုသို့ ၎င်း၊ စမ်း ရေ တွင်းသို့ ၎င်း ရောက် ၏။
Revelation 20:10သူ တို့ကိုလှည့်ဖြား သောမာရ်နတ် ကိုလည်း ၊ သားရဲ နှင့် မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့် နှင့် ရောနှောသော မီး အိုင် ထဲသို့ ချပစ် လျှင်၊ သူတို့သည် နေ့ ညဉ့် မပြတ် ကမ္ဘာ အဆက်ဆက်ပြင်းစွာ သောဝေဒနာကို ခံရကြ လတံ့။