The Bible Software
bible.software › ရှင်ယုဒဩဝါဒစာ › ရှင်ယုဒဩဝါဒစာ 1 › ရှင်ယုဒဩဝါဒစာ 1:7

ရှင်ယုဒဩဝါဒစာ 1:7

ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။

1835 Judson Burmese Bible

In The King James Version

Even as Sodom and Gomorrha, and the cities about them in like manner, giving themselves over to fornication, and going after strange flesh, are set forth for an example, suffering the vengeance of eternal fire.

In Context

6ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။

8ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။

Read all of ရှင်ယုဒဩဝါဒစာ 1

Cross References

Genesis 13:13သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။

Genesis 19:5လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။

Deuteronomy 29:23အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊

Isaiah 13:19တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။

Jeremiah 20:16ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။

Lamentations 4:6အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက်၊ ငါ၏လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယုဒဩဝါဒစာ 1:7

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ရှင်ယုဒဩဝါဒစာ 1:6ရှင်ယုဒဩဝါဒစာ 1ရှင်ယုဒဩဝါဒစာ 1:8 →