တရားသူကြီးမှတ်စာ 2:3
တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် ၌ မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 2
Cross References
Exodus 23:33သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
Numbers 33:55သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
Joshua 23:13သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။
Judges 3:6သူ တို့သမီး နှင့် စုံဘက် ခြင်းကို ပြုလျက် ၊ မိမိ တို့သမီး ကို ပေးစား လျက် ၊ သူ တို့ဘုရား များကို ဝတ်ပြု ကြ၏။
1 Kings 11:1ရှောလမုန် မင်းကြီး သည် ဖာရော ဘုရင်၏ သမီး မှတပါး ၊ ဣသရေလ အမျိုးသားမဟုတ်သော မောဘ အမျိုး၊ အမ္မုန် အမျိုး၊ ဧဒုံ အမျိုး၊ ဇိဒုန် အမျိုး၊ ဟိတ္တိ အမျိုးသားမိန်းမ အများတို့ကို ချစ် တတ်၏။