ယောရှုမှတ်စာ 23:13
သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:31သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။
Deuteronomy 4:26ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
Deuteronomy 28:63သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
Deuteronomy 30:18ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။
Judges 2:3တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် ၌ မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
1 Kings 11:4ရှောလမုန် သည် အသက်ကြီး သောအခါ ၊ မိန်းမ များတို့သည် စိတ် နှလုံးတော်ကို အခြား တပါးသော ဘုရား နောက် သို့ လွဲ စေသဖြင့် ၊ စိတ် နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ် နှလုံးကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းမ ရှိ။