တရားသူကြီးမှတ်စာ 4:21
ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of တရားသူကြီးမှတ်စာ 4
Cross References
Judges 3:21ဧဟုဒ သည် လက်ဝဲ လက် ကို ဆန့် လျက် သန်လျက် ကို လက်ျာ ပေါင် မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်း ကို ထိုး သဖြင့်၊
Judges 5:26တဲတံသင် ကို ယူ ၍ လက်ျာ လက်နှင့် လက်ရိုက် ကို ကိုင်လျက် သိသရ ကို ရိုက် လေ၏။ သူ ၏ ခေါင်း ကို ထိုး ရိုက်၍ နားပန်း ကို ထုတ်ချင်း ခွင်းဖောက် လေ၏။
1 Samuel 17:43ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
Psalms 3:7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။
1 Corinthians 1:27ဘုရားသခင် သည် ပညာရှိ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ မိုက်မဲ သော သူ တို့ကို ရွေးကောက် တော်မူ၏။ အစွမ်း သတ္တိရှိသော သူ တို့ကို ရှက်ကြောက် စေခြင်းငှာ ၊ လောကီ အရာ၌ အားနည်း သော သူ တို့ကို ရွေးကောက် တော်မူ၏။