The Bible Software
တရားသူကြီးမှတ်စာ · မြန်မာကျမ်းစာ

တရားသူကြီးမှတ်စာ 4

1ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊

2ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ၌ ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။

3ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။

4ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။

5သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။

6တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် ၊ သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။

7ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် ၍ သင့် လက် ၌ အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။

8ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား မ သွား ပါဟု လျှောက် သော်၊

9ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ၌ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ထ ၍ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။

10ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် ၍ ၊ လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။

11မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ၍ ကေဒေရှ မြို့အနား ၊ ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။

12အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်၊

13သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။

14ဒေဗောရ ကလည်း ၊ ထ လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် ၌ အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။

15ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ၍ ခြေ ဖြင့် ပြေး လေ၏။

16ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် ၍ ၊ သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ မ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။

17သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။

18ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် ၍ ၊ သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း ၊ သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ၍ ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။

19သူကလည်း ၊ ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် ၊ မိန်းမသည် နွားနို့ ဘူး ကို ဖွင့် ၍ သောက် စေပြီးမှ တဖန် ခြုံ လေ၏။

20သူကလည်း ၊ တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ ၍ မေး လျှင် မ ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။

21ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။

22ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ၊ ယေလ ထွက် ၍ ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရ သေ လျက်၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။

23ထို နေ့ ၌ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်၊

24သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။

← တရားသူကြီးမှတ်စာ 3Read In The App, Free →တရားသူကြီးမှတ်စာ 5 →

Study တရားသူကြီးမှတ်စာ 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021