တရားသူကြီးမှတ်စာ 4:3
ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
4ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။
Read all of တရားသူကြီးမှတ်စာ 4
Cross References
Exodus 2:23ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
Deuteronomy 28:33သင် မ သိ မကျွမ်းသော လူမျိုး သည် သင့် နေရာ ပြည် ၏ အသီးအနှံ ကို၎င်း၊ သင် လုပ်ဆောင် ၍ရသောဥစ္စာကို၎င်း စား လိမ့်မည်။ သင်သည် ညှဉ်းဆဲ နှိပ်စက် ခြင်းကိုသာ အစဉ် မပြတ်ခံ ရလိမ့်မည်။
Joshua 17:16ယောသပ် အမျိုးသား တို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ မ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ၊ ယေဇရေလ ချိုင့် ၌ ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
Judges 3:9နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ၊ ကာလက် ညီ ၊ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။
Judges 5:8ဣသရေလအမျိုးသားတို့သည် ဘုရား သစ် တို့ကို ရွေး ယူကြ၏။ ထိုအခါ သူတို့မြို့ များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလ အမျိုးသားလေးသောင်း တွင် ဒိုင်းလွှား တခု၊ လှံ တစင်းမျှ မရှိ။
Judges 10:10ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ၍ ၊ ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။