ယေရမိမြည်တမ်းစကား 1:2
ညဉ့် အခါ ပြင်းစွာ ငိုကြွေး၍ ၊ သူ ၏ပါး သည် မျက်ရည် နှင့် စိုစွတ်လေ၏။ ရည်းစား အပေါင်း တို့တွင် နှစ်သိမ့် စေသောသူ တယောက် မျှမရှိ။ အဆွေ ခင်ပွန်းအပေါင်း တို့သည် သစ္စာ ပျက်၍ ရန်သူ ဖြစ် ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Job 6:15ငါ့ ညီအစ်ကို တို့သည် ချောင်း ရေကဲ့သို့ လှည့်စား ၍၊ ချိုင့် ၌စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
Job 19:13ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
Psalms 31:11အိမ်နီးချင်း တို့သည် အကျွန်ုပ် ကို အထူး သဖြင့်ကဲ့ရဲ့ ကြပါ၏။ အကျွမ်း ဝင်သော သူများတို့သည်လည်း ရွံ ကြပါ၏။ အိမ် ပြင်မှာ အကျွန်ုပ် ကို တွေ့ မြင်သောသူတို့ သည် ရှောင်၍ ပြေး ကြပါ၏။
Psalms 77:2ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
Isaiah 51:18ကိုယ်တိုင်ဘွားမြင် သော သား တို့တွင်၊ သင့်ကို လမ်းပြ သော သူတယောက် မျှမရှိ။ ကိုယ်တိုင်မွေးစား သော သား တို့တွင်၊ သင့်ကို လက် ဆွဲ သော သူတယောက်မျှမ ရှိ။
Jeremiah 4:30သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။