ယေရမိမြည်တမ်းစကား 1:21
အကျွန်ုပ် ညည်းတွား သံကို ကြား သော သူတို့တွင်၊ နှစ်သိမ့် စေသောသူတယောက်မျှမ ရှိပါ။ အကျွန်ုပ် ၌ ရောက်သောအမှု ကို အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ကြား ကြပါပြီ။ ကိုယ်တော် ပြု တော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက် သော နေ့ရက် ကိုရောက် စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ် ကဲ့သို့ ပင် ဖြစ် ကြ ပါစေသော။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 1
Cross References
Psalms 35:15ငါ လဲ သောအခါ မူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေး ကြ၏။ ရိုက်ပုတ် သောသူတို့သည် ငါ့ တဘက် ၌စည်းဝေး ကြ၏။ သူတို့ကိုလည်း ငါမ သိ ရ။ မ ရပ် မနေဘဲ ငါ့ကို ဆွဲဖြတ် ကြ၏။
Psalms 38:16သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ် သည် ခြေ ချော် သောအခါ အကျွန်ုပ် တဘက် ၌ ကိုယ် ကို ချီးမြှောက် ကြပါ လိမ့်မည်ဟု လျှောက် ပါပြီ။
Isaiah 13:1ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
Isaiah 51:22သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
Jeremiah 30:16သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။
Jeremiah 48:27သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။