ယေရမိမြည်တမ်းစကား 2:19
ညဦးယံ အချိန်၌ ထ ၍အော်ဟစ် လော့။ ထာဝရ ဘုရား ၏မျက်နှာ တော်ရှေ့ မှာ သင် ၏နှလုံး ကို ရေ ကဲ့သို့ သွန်းလောင်း လော့။ ငတ်မွတ် ၍ ခပ်သိမ်း သော လမ်း ဝ မှာ အားပျက် လျက်နေသောသင် ၏သူငယ် တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံ တော်သို့ သင် ၏လက် ကို ချီ ဆန့်လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
1 Samuel 1:15ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။
Job 3:24အစာ စားခြင်းအရာ၌ ငါ ညည်းတွား ခြင်းရှိ၏။ ငါ ငိုကြွေး မြည်တမ်းခြင်း မျက်ရည်သည်လည်း ရေ စီးသကဲ့သို့ ဖြစ်၏။
Psalms 42:8သို့သော်လည်း၊ ထာဝရဘုရား သည် နေ့ အခါ သနားခြင်းကျေးဇူး တော်ကိုပေး ချတော်မူ၏။ ညဉ့် အခါ ၌ လည်း ဂုဏ်တော်ကို သီချင်း ဆိုလျက်၊ ငါ့ ၏အသက် သခင် ကို ပဌနာ ပြုလျက် ငါ နေ၏။
Psalms 63:4ထို သို့ အသက် ရှင်စဉ်တွင် ကိုယ်တော် ကို ကောင်းကြီး ပေးပါမည်။ နာမတော် ကို အမှီပြု လျက် လက် ကို ချီ ပါမည်။
Psalms 119:147မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
Psalms 141:2အကျွန်ုပ် ၏ ပဌနာ သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။