ယေရမိမြည်တမ်းစကား 2:18
သူ တို့သည်စိတ် နှလုံးထဲက ထာဝရ ဘုရားကို အော်ဟစ် ကြ၏။ အိုဇိအုန် သတို့သမီး ၏မြို့ရိုး ၊ သင်၏ မျက်ရည် သည် မြစ် ရေစီးသကဲ့သို့ နေ့ ညဉ့်မပြတ်စီး စေလော့ ။ ကိုယ်ကိုကိုယ် မ ငြိမ်း စေနှင့်။ သင် ၏မျက်ဆန် ကိုလည်း မ ငြိမ်း စေနှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Psalms 119:145အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။
Jeremiah 4:31အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။
Jeremiah 9:17ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဆင်ခြင် ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာ ကြစေ။ လိမ္မာ သော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ။
Jeremiah 14:17သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် မ ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။
Lamentations 1:16ထို အကြောင်းကြောင့် ငါ သည်ငို ရ၏။ မျက်ရည် ကျ လျက်ရှိ၏။ ငါ့ အသက် ကို ထောက်မ ၍ ငါ့ ကို နှစ်သိမ့် စေသောသူသည် ငါ နှင့် ဝေး ပါ၏။ ရန်သူ နိုင် သောကြောင့် ငါ့ သားသမီး တို့သည် ပျောက်ပျက် ကြပြီ။
Lamentations 3:48ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ့ မျက်စိ သည် မြစ် ရေ ဖြစ်၍ စီး လျက်ရှိ၏။