ယေရမိမြည်တမ်းစကား 2:21
လူ အကြီးအငယ် တို့သည် လမ်း ၌မြေ ပေါ် မှာ တုံးလုံး နေရကြပါ၏။ အကျွန်ုပ် ၏လူပျို နှင့် အပျို တို့သည် ထား ဖြင့် သေ ရကြပါပြီ။ ကိုယ်တော် သည် အမျက် တော် ထွက်သောနေ့ ၌၊ သူတို့ကို မ သနား ဘဲကွပ်မျက် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
Joshua 6:21မြို့ ထဲ ၌ရှိသမျှ သော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်း ရှိသမျှတို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ကြ၏။
2 Chronicles 36:17ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
Psalms 78:62မိမိ လူ တို့ကိုလည်း ထား ဘေး၌ အပ် ၍ ၊ အမွေ တော်ကို အမျက် ထွက်တော်မူ၏။
Jeremiah 4:31အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။
Jeremiah 9:20အိုမိန်းမ တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ၍ ၊ နှုတ် တော်ထွက်ကို နာယူ ကြလော့။ သင် တို့၏ သမီး တို့အား ငိုကြွေး ခြင်းကို၎င်း ၊ အသီးအသီး အပေါင်း အဘော်တို့အား မြည်တမ်း ခြင်းကို၎င်းသွန်သင် ကြလော့။
Jeremiah 11:22ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် ၍ သေ ကြလိမ့်မည်။